(ဆေးအညွှန်း)

         Nicotine chewing gum 2 mg (NICOMILD-2)

နီကိုတင်း ပီကေ ၂ မီလီဂရမ် (NICOMILD-2)


အသုံး၀င်ပုံ

ဆေးလိပ်ဖြတ်ရာတွင် အထောက်အကူအဖြစ် အသုံးပြုရန်။

ဆေးလိပ်သောက်ချင်စိတ်ကို လျှော့ချရန်။

ဆေးလိပ်ဖြတ်ခြင်းကြောင့် ဖြစ်သောလက္ခဏာများအား ‌
လျှော့ချရန်။
  Click to listen highlighted text! အသုံး၀င်ပုံ ဆေးလိပ်ဖြတ်ရာတွင် အထောက်အကူအဖြစ် အသုံးပြုရန်။ ဆေးလိပ်သောက်ချင်စိတ်ကို လျှော့ချရန်။ ဆေးလိပ်ဖြတ်ခြင်းကြောင့် ဖြစ်သောလက္ခဏာများအား ‌လျှော့ချရန်။


  ဓါတ်မတည့်ခြင်းနှင့် ကြိုတင်သတိပေးချက်

နီကိုတင်း (သို့မဟုတ်) အခြားပါ၀င်ပစ္စည်းများနှင့် ဓါတ်မတည့်ပါက
သုံးစွဲရန် မသင့်တော်ပါ။

ဆေးလိပ်မသောက်သူများ သုံးစွဲရန် မသင့်တော်ပါ။

အစာအိမ်နာ၊ အစာမျိုပြွန်ရောင်ခြင်း၊ မေးရိုးနာခြင်း သို့မဟုတ်
ရောင်ရမ်းခြင်းရှိသောလူနာများတွင် သုံးစွဲရန် မသင့်တော်ပါ။

လွန်ခဲ့သည့် နှစ်ပတ်အတွင်း နှလုံးသွေးကြောကျဉ်းရောဂါ၊
နှလုံးခုန်သံမမှန်ခြင်း၊ သို့မဟုတ်
ရုတ်တရက်နှလုံးသွေးကြောပိတ်‌ရောဂါ ရှိသောလူနာများတွင်
သုံးစွဲရန် မသင့်တော်ပါ။

ကိုယ်ဝန်ဆောင်နှင့် နို့တိုက်အမျိုးသမီးများတွင် သုံးစွဲရန်
မသင့်တော်ပါ။

အသက် ၁၂ နှစ်အောက် ကလေးငယ်များတွင် သုံးစွဲရန်
မသင့်တော်ပါ။

‌‌အောက်ဖော်ပြပါရောဂါလက္ခဏာခံစားနေရသူများတွင် သတိပြု၍
သုံးစွဲသင့်ပါသည်။
- သွားတု/အံကပ် တပ်ထားခြင်း
- နှလုံးသွေးကြောဆိုင်ရာရောဂါ
- ဦးနှောက်သွေးကြောပေါက်ခြင်း/လေဖြတ်ခြင်း
-သွေးကြောကျဉ်းရောဂါ
- သွေးတိုး‌ရောဂါ
-ဆီးချိုရောဂါ
-အသည်း‌ရောဂါ
-ကျောက်ကပ်ရောဂါ
-သိုင်းရွိုက်ဟော်မုန်းများခြင်း
- ဝက်ရူးပြန်ရောဂါ
-အဒရီနယ်ဂလင်းအကျိတ်
-ကြွက်သားအားနည်းရောဂါ   Click to listen highlighted text! ဓါတ်မတည့်ခြင်းနှင့် ကြိုတင်သတိပေးချက် နီကိုတင်း (သို့မဟုတ်) အခြားပါ၀င်ပစ္စည်းများနှင့် ဓါတ်မတည့်ပါကသုံးစွဲရန် မသင့်တော်ပါ။ ဆေးလိပ်မသောက်သူများ သုံးစွဲရန် မသင့်တော်ပါ။ အစာအိမ်နာ၊ အစာမျိုပြွန်ရောင်ခြင်း၊ မေးရိုးနာခြင်း သို့မဟုတ်ရောင်ရမ်းခြင်းရှိသောလူနာများတွင် သုံးစွဲရန် မသင့်တော်ပါ။ လွန်ခဲ့သည့် နှစ်ပတ်အတွင်း နှလုံးသွေးကြောကျဉ်းရောဂါ၊နှလုံးခုန်သံမမှန်ခြင်း၊ သို့မဟုတ်ရုတ်တရက်နှလုံးသွေးကြောပိတ်‌ရောဂါ ရှိသောလူနာများတွင်သုံးစွဲရန် မသင့်တော်ပါ။ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်အမျိုးသမီးများတွင် သုံးစွဲရန်မသင့်တော်ပါ။ အသက် ၁၂ နှစ်အောက် ကလေးငယ်များတွင် သုံးစွဲရန်မသင့်တော်ပါ။ ‌‌အောက်ဖော်ပြပါရောဂါလက္ခဏာခံစားနေရသူများတွင် သတိပြု၍သုံးစွဲသင့်ပါသည်။- သွားတု/အံကပ် တပ်ထားခြင်း- နှလုံးသွေးကြောဆိုင်ရာရောဂါ- ဦးနှောက်သွေးကြောပေါက်ခြင်း/လေဖြတ်ခြင်း-သွေးကြောကျဉ်းရောဂါ- သွေးတိုး‌ရောဂါ-ဆီးချိုရောဂါ-အသည်း‌ရောဂါ-ကျောက်ကပ်ရောဂါ-သိုင်းရွိုက်ဟော်မုန်းများခြင်း- ဝက်ရူးပြန်ရောဂါ-အဒရီနယ်ဂလင်းအကျိတ်-ကြွက်သားအားနည်းရောဂါ


  သုံးစွဲရန်အကြံပြုချက်များ

ဤဆေးကို စတင်အသုံးပြုပြီးချက်ချင်း သို့မဟုတ် နောက် ၂
ပတ်အတွင်း ဆေးလိပ်သောက်ခြင်းကို ချက်ချင်းရပ်လိုက်ပါ။
အဘယ်ကြောင့်ဆိုသော် ဆေးကုသမှုခံယူနေစဉ်
ဆေးလိပ်သောက်ခြင်းသည် သင့်အား
နီကိုတင်းဓာတ်ပိုမိုရရှိစေသောကြောင့်အန္တရာယ်ဖြစ်စေနိုင်သောကြောင့်
ဖြစ်သည်။

အကယ်၍ သင်သည် ခွဲစိတ်ကုသလိုပါက သို့မဟုတ် သွားဆရာဝန်နှင့်
ပြသလိုပါက ဤဆေးကို အသုံးပြုနေသည့်အကြောင်း သင့်ဆရာဝန်
သို့မဟုတ် သွားဆရာဝန်ထံ အသိပေးသင့်သည်။

ဆေးလိပ်သောက်ချင်တဲ့အခါတိုင်းအသုံးပြုနိုင်ရန် ဤဆေးကို
အမြဲဆောင်ထားသင့်သည်။

ဆေးလိပ်သောက်ချင်စိတ်ရှိလာတိုင်း ဤဆေးကို သောက်ပါ။

ဆေးသုံးစွဲပုံအညွှန်း- ထုံကျဉ်သော သို့မဟုတ် ငရုတ်ကောင်းအရသာ
ခံစားရသည်အထိ ပီကေကို ဖြည်းညှင်းစွာဝါးပါ။
အထုံပျောက်သည်အထိ ဆေးအားသင့် ပါးပြင်ထဲကို ရွှေ့ပါ။
အကြိမ်အနည်းငယ်ဝါးပြီးနောက် အခြားပါးစပ်တစ်နေရာသို့ ထပ်ရွှေ့ပါ။
ထိုနည်းအတိုင်း မိနစ်၃၀ ခန့် ထုံကျဉ်သောခံစားချက် ရပ်သွားသည်အထိ
ပြုလုပ်ပါ။

အသုံးပြုပြီးသော ပီကေအား စက္ကူဖြင့် ပတ်ပြီးမှ စွန့်ပစ်ပါ။

သွားဖုံးမှဆေးများကို စုပ်ယူမှု လျော့နည်းစေသောကြောင့်
နီကိုတင်းပီကေကိုအသုံးပြုသော လူနာများသည် ကော်ဖီ၊
သစ်သီးဖျော်ရည် ဒါမှမဟုတ် သတ္တုဓာတ်ပါသောရေကဲ့သို့

အက်စစ်ပါသည့် အရည်များကို ဆေးမသောက်မီ 15 မိနစ်အတွင်း
မသောက်သုံးသင့်ပါ။

တစ်နေ့လျှင်အသုံးပြုရမည့် အကြံပြုထားသောပီကေ
အရေအတွက်အား အပတ်တိုင်း နည်းနည်းစီလျှော့၍ တဖြည်းဖြည်းချင်း
ဖြတ်ပါ။
  Click to listen highlighted text! သုံးစွဲရန်အကြံပြုချက်များ ဤဆေးကို စတင်အသုံးပြုပြီးချက်ချင်း သို့မဟုတ် နောက် ၂ပတ်အတွင်း ဆေးလိပ်သောက်ခြင်းကို ချက်ချင်းရပ်လိုက်ပါ။အဘယ်ကြောင့်ဆိုသော် ဆေးကုသမှုခံယူနေစဉ်ဆေးလိပ်သောက်ခြင်းသည် သင့်အားနီကိုတင်းဓာတ်ပိုမိုရရှိစေသောကြောင့်အန္တရာယ်ဖြစ်စေနိုင်သောကြောင့်ဖြစ်သည်။ အကယ်၍ သင်သည် ခွဲစိတ်ကုသလိုပါက သို့မဟုတ် သွားဆရာဝန်နှင့်ပြသလိုပါက ဤဆေးကို အသုံးပြုနေသည့်အကြောင်း သင့်ဆရာဝန်သို့မဟုတ် သွားဆရာဝန်ထံ အသိပေးသင့်သည်။ ဆေးလိပ်သောက်ချင်တဲ့အခါတိုင်းအသုံးပြုနိုင်ရန် ဤဆေးကိုအမြဲဆောင်ထားသင့်သည်။ ဆေးလိပ်သောက်ချင်စိတ်ရှိလာတိုင်း ဤဆေးကို သောက်ပါ။ ဆေးသုံးစွဲပုံအညွှန်း- ထုံကျဉ်သော သို့မဟုတ် ငရုတ်ကောင်းအရသာခံစားရသည်အထိ ပီကေကို ဖြည်းညှင်းစွာဝါးပါ။အထုံပျောက်သည်အထိ ဆေးအားသင့် ပါးပြင်ထဲကို ရွှေ့ပါ။အကြိမ်အနည်းငယ်ဝါးပြီးနောက် အခြားပါးစပ်တစ်နေရာသို့ ထပ်ရွှေ့ပါ။ထိုနည်းအတိုင်း မိနစ်၃၀ ခန့် ထုံကျဉ်သောခံစားချက် ရပ်သွားသည်အထိပြုလုပ်ပါ။ အသုံးပြုပြီးသော ပီကေအား စက္ကူဖြင့် ပတ်ပြီးမှ စွန့်ပစ်ပါ။ သွားဖုံးမှဆေးများကို စုပ်ယူမှု လျော့နည်းစေသောကြောင့်နီကိုတင်းပီကေကိုအသုံးပြုသော လူနာများသည် ကော်ဖီ၊သစ်သီးဖျော်ရည် ဒါမှမဟုတ် သတ္တုဓာတ်ပါသောရေကဲ့သို့ အက်စစ်ပါသည့် အရည်များကို ဆေးမသောက်မီ 15 မိနစ်အတွင်းမသောက်သုံးသင့်ပါ။ တစ်နေ့လျှင်အသုံးပြုရမည့် အကြံပြုထားသောပီကေအရေအတွက်အား အပတ်တိုင်း နည်းနည်းစီလျှော့၍ တဖြည်းဖြည်းချင်းဖြတ်ပါ။
 


  ဘေးထွက်ဆိုးကျိုး

ဤဆေးသည် မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ အိပ်မပျော်ခြင်း၊
အိပ်မက်ဆိုးမက်ခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ကြို့ထိုးခြင်း၊
မေးရိုးနာခြင်း၊ ပါးစပ် နှင့် လည်ချောင်းယားယံခြင်း၊
နီရဲ‌ယောင်ရမ်းခြင်း၊ အရေပြားယားယံခြင်း၊ ဝမ်းလျှောခြင်းတို့
ဖြစ်စေနိုင်ပါသည်။

ထိုလက္ခဏာများခံစားရပါက ဆေးကို ရပ်တန့်ရန် မလိုအပ်ပါ။ သို့သော်
ရောဂါလက္ခဏာများပြင်းထန်ပါက
ဆေးဘက်ဆိုင်ရာအကြံဉာဏ်ရယူပါ။

မျက်နှာ၊ မျက်ခွံ၊ နှုတ်ခမ်း ရောင်ရမ်းခြင်း၊ အင်ပျဉ်ထခြင်း၊
ရင်ဘတ်တင်းကျပ်ခြင်း၊ အသက်ရှုကျပ်ခြင်း၊ အရေပြားနီမြန်းခြင်း၊
အရေပြားအဖုအပိမ့်ထွက်ခြင်း၊ ပွန်းပဲ့ခြင်း သို့မဟုတ် ပုံမှန်မဟုတ်သော
သွေးထွက်ခြင်း၊ ရင်တုန်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ နှေးခြင်း၊
နှလုံးခုန်နှုန်းမညီမညာဖြစ်ခြင်း၊ ကြွက်သားအားနည်းခြင်း၊
သတိလစ်ခြင်း၊ တက်ခြင်း၊ မူးလဲခြင်း၊ ပြင်းထန်စွာ ပျို့အန်ခြင်း၊
ပြင်းထန်စွာ အော့အန်ခြင်း၊ ပြင်းထန်ဝမ်းလျှောခြင်း၊ ပြင်းထန်စွာ
ဗိုက်နာခြင်း၊ အမြင်အာရုံ ပြောင်းလဲခြင်း၊ အကြားအာရုံ သို့မဟုတ်
အာရုံခံစားမှု ပြောင်းလဲခြင်းစသော ရောဂါလက္ခဏာများပိုဆိုးလာပါက

ဆေးကိုရပ်လိုက်ပြီး ဆေးဘက်ဆိုင်ရာ အကြံဉာဏ်ကို
ချက်ချင်းရယူပါ။   Click to listen highlighted text! ဘေးထွက်ဆိုးကျိုး ဤဆေးသည် မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ အိပ်မပျော်ခြင်း၊အိပ်မက်ဆိုးမက်ခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ကြို့ထိုးခြင်း၊မေးရိုးနာခြင်း၊ ပါးစပ် နှင့် လည်ချောင်းယားယံခြင်း၊နီရဲ‌ယောင်ရမ်းခြင်း၊ အရေပြားယားယံခြင်း၊ ဝမ်းလျှောခြင်းတို့ဖြစ်စေနိုင်ပါသည်။ ထိုလက္ခဏာများခံစားရပါက ဆေးကို ရပ်တန့်ရန် မလိုအပ်ပါ။ သို့သော်ရောဂါလက္ခဏာများပြင်းထန်ပါကဆေးဘက်ဆိုင်ရာအကြံဉာဏ်ရယူပါ။ မျက်နှာ၊ မျက်ခွံ၊ နှုတ်ခမ်း ရောင်ရမ်းခြင်း၊ အင်ပျဉ်ထခြင်း၊ရင်ဘတ်တင်းကျပ်ခြင်း၊ အသက်ရှုကျပ်ခြင်း၊ အရေပြားနီမြန်းခြင်း၊အရေပြားအဖုအပိမ့်ထွက်ခြင်း၊ ပွန်းပဲ့ခြင်း သို့မဟုတ် ပုံမှန်မဟုတ်သောသွေးထွက်ခြင်း၊ ရင်တုန်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ နှေးခြင်း၊နှလုံးခုန်နှုန်းမညီမညာဖြစ်ခြင်း၊ ကြွက်သားအားနည်းခြင်း၊သတိလစ်ခြင်း၊ တက်ခြင်း၊ မူးလဲခြင်း၊ ပြင်းထန်စွာ ပျို့အန်ခြင်း၊ပြင်းထန်စွာ အော့အန်ခြင်း၊ ပြင်းထန်ဝမ်းလျှောခြင်း၊ ပြင်းထန်စွာဗိုက်နာခြင်း၊ အမြင်အာရုံ ပြောင်းလဲခြင်း၊ အကြားအာရုံ သို့မဟုတ်အာရုံခံစားမှု ပြောင်းလဲခြင်းစသော ရောဂါလက္ခဏာများပိုဆိုးလာပါက ဆေးကိုရပ်လိုက်ပြီး ဆေးဘက်ဆိုင်ရာ အကြံဉာဏ်ကိုချက်ချင်းရယူပါ။  


ထားသိုသိမ်းဆည်းပုံ

နေရောင်နှင့် တိုက်ရိုက်မထိတွေ့သော၊ ခြောက်သွေ့သောနေရာတွင်
မူရင်းဆေးဗူးခွံထဲတွင်သိမ်းဆည်းပါ။ ကလေးများ
လက်လှမ်းမမီသောနေရာတွင် ထားပါ။
  Click to listen highlighted text! ထားသိုသိမ်းဆည်းပုံ နေရောင်နှင့် တိုက်ရိုက်မထိတွေ့သော၊ ခြောက်သွေ့သောနေရာတွင်မူရင်းဆေးဗူးခွံထဲတွင်သိမ်းဆည်းပါ။ ကလေးများလက်လှမ်းမမီသောနေရာတွင် ထားပါ။


အထက်ပါ ဆေးအညွှန်းဖော်ပြချက်သည် လူနာအတွက်သာလျှင် အသုံးပြုရန် ဖြစ်သည်။ အခြားသိလိုသည်များရှိပါက ဆရာဝန် သို့မဟုတ်
ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။   Click to listen highlighted text! အထက်ပါ ဆေးအညွှန်းဖော်ပြချက်သည် လူနာအတွက်သာလျှင် အသုံးပြုရန် ဖြစ်သည်။ အခြားသိလိုသည်များရှိပါက ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။


ที่มาของข้อมูล:

1.นริสา ตัณฑัยย์, พาขวัญ ปุณณุปูรต, วุฒิรัต ธรรมวุฒิ, ผุสดี ปุจฉาการ, นิติ โอสิริสกุล, ชัยรัตน์ ฉายากุล, บรรณาธิการ. ข้อมูลยาประชาชน : ฉลากยาเสริม และข้อมูลความปลอดภัยในการใช้ยา. กรุงเทพฯ: โรงพิมพ์เดือนตุลา ; 2561.

2.สุชาดา ชุติมาวรพันธ์, โพยม วงศ์ภูวรักษ์, อภิฤดี เหมะจุฑา, ฐิติมา ด้วงเงิน, กิติยศ ยศสมบัติ, บรรณาธิการ. คู่มือทักษะตามเกณฑ์ความรู้ความสามารถทางวิชาชีพของผู้ประกอบวิชาชีพเภสัชกรรม (สมรรถนะร่วม) พ.ศ. 2562. นนทบุรี: บริษัท เอช อาร์ พริ้นซ์ แอนด์ เทรนนิ่ง จำกัด ; 2562   

3.Micromedex® [Database on internet]. Colorado: Thomson Reuters (Healthcare); c2020. Available from: http://www.micromedexsolutions.com /micromedex2/librarian/.


ขอความกรุณาผู้ใช้บริการตอบแบบสำรวจ และให้คำแนะนำเกี่ยวกับฉลากยาออนไลน์ (กดเพื่อตอบแบบสำรวจ) click here to access satisfaction survey

Click to listen highlighted text!