ဆေးဝါးအချက်အလက်

  Pre-mixed insulin (70% Protaminated aspart + 30% aspart:NOVOMIX 30 Penfill)   Click to listen highlighted text! Pre-mixed insulin (70% Protaminated aspart + 30% aspart:NOVOMIX 30 Penfill)


  ဆေးညွှန်း

သွေးတွင်းသကြားဓာတ်ကို လျှော့ချရန်   Click to listen highlighted text! ဆေးညွှန်း သွေးတွင်းသကြားဓာတ်ကို လျှော့ချရန်


တားမြစ်ချက်များနှင့် ကြိုတင်သတိပေးချက်များ

ဆေး သို့မဟုတ် ၎င်း၏ ပါဝင်ပစ္စည်းများနှင့် ဓာတ်မတည့်မှုရှိပါက
အသုံးမပြုပါနှင့်။
  Click to listen highlighted text! တားမြစ်ချက်များနှင့် ကြိုတင်သတိပေးချက်များ ဆေး သို့မဟုတ် ၎င်း၏ ပါဝင်ပစ္စည်းများနှင့် ဓာတ်မတည့်မှုရှိပါကအသုံးမပြုပါနှင့်။


အသုံးပြုရန်အညွှန်း

၁။ အကယ်၍ ဆေးရည်ပုလင်းအသစ်ကို အသုံးပြုချိန်ဖြစ်ပါက ဆေးမထိုးမီ
အပ်ကိုစစ်ဆေးပြီး ​လေပူဖောင်းများကို ဖယ်ထုတ်ပါ။ ဦးစွာ ဆေးရည်ပမာဏ ၂
ယူနစ်ကို ရွေးချယ်ရန် ဆေးရွေးချယ် ကိရိယာကို ဆွဲတင်ပြီး ဆေးရည်ပမာဏ ၂
ယူနစ်ကို လှည့်၍ရွေးချယ်ပါ။ အပ်ထိပ်ဖျား အဖုံးကို ဖွင့်ပါ။ လေပူဖောင်းများကို

ဖယ်ရှားရန် ဆေးထိုးခလုတ်ကို နှိပ်ပါ။ ထို့နောက် အပ်ထိပ်ဖျားတွင် အင်ဆူလင်
ဆေးရည်တစ်စက် ပေါ်လာခြင်း ရှိမရှိ စစ်ဆေးပါ။
၂။ အင်ဆူလင်ဆေး ထိုးရမည့်အချိန်တွင် ဆေးရွေးချယ်ကိရိယာကို လှည့်၍
သင်၏ဆရာဝန် ညွှန်ကြားထားသည့် ဆေးရည်ပမာဏ ကို ရွေးချယ်ပါ။
၃။ ဆေးထိုးမည့်ဧရိယာကို အရက်ပြန်စွတ်ထားသောဂွမ်းလုံးဖြင့် သန့်စင်ပါ။
၄။ အရေပြားကို လက်ချောင်းများဖြင့် ဆွဲညှစ်ပါ။
၅။ အပ်ထိပ်ဖျားဖုံး ကို ဖယ်ပါ။
၆။ ဆေးထိုးခလုတ်ကိုနှိပ်၍ ဆေးထိုးပါ။ ဆေးထိုးခလုတ်ကို ဖိနှိပ်ထားပြီး အပ်ကို
အရေပြားအောက်တွင် အနည်းဆုံး ၁၀ စက္ကန့် ကြာအောင်ထားပြီးနောက်
ဂရုတစိုက် ထုတ်ယူပါ။
 ၇။ ဆေးထိုးထားသည့်ဧရိယာကို အရက်ပြန်စွတ်ထားသောဂွမ်းလုံးဖြင့်
ညင်သာစွာဖိ​ပေးပါ။ ဆေးထိုးထားသည့်ဧရိယာကို လှိမ့်မပွတ်ရ သို့မဟုတ်
မချေရပါ။ ဆေးထိုးကိရိယာ၏ အဖုံးကို ပြန်ပိတ်ပါ။   Click to listen highlighted text! အသုံးပြုရန်အညွှန်း ၁။ အကယ်၍ ဆေးရည်ပုလင်းအသစ်ကို အသုံးပြုချိန်ဖြစ်ပါက ဆေးမထိုးမီအပ်ကိုစစ်ဆေးပြီး ​လေပူဖောင်းများကို ဖယ်ထုတ်ပါ။ ဦးစွာ ဆေးရည်ပမာဏ ၂ယူနစ်ကို ရွေးချယ်ရန် ဆေးရွေးချယ် ကိရိယာကို ဆွဲတင်ပြီး ဆေးရည်ပမာဏ ၂ယူနစ်ကို လှည့်၍ရွေးချယ်ပါ။ အပ်ထိပ်ဖျား အဖုံးကို ဖွင့်ပါ။ လေပူဖောင်းများကို ဖယ်ရှားရန် ဆေးထိုးခလုတ်ကို နှိပ်ပါ။ ထို့နောက် အပ်ထိပ်ဖျားတွင် အင်ဆူလင်ဆေးရည်တစ်စက် ပေါ်လာခြင်း ရှိမရှိ စစ်ဆေးပါ။၂။ အင်ဆူလင်ဆေး ထိုးရမည့်အချိန်တွင် ဆေးရွေးချယ်ကိရိယာကို လှည့်၍သင်၏ဆရာဝန် ညွှန်ကြားထားသည့် ဆေးရည်ပမာဏ ကို ရွေးချယ်ပါ။၃။ ဆေးထိုးမည့်ဧရိယာကို အရက်ပြန်စွတ်ထားသောဂွမ်းလုံးဖြင့် သန့်စင်ပါ။၄။ အရေပြားကို လက်ချောင်းများဖြင့် ဆွဲညှစ်ပါ။၅။ အပ်ထိပ်ဖျားဖုံး ကို ဖယ်ပါ။၆။ ဆေးထိုးခလုတ်ကိုနှိပ်၍ ဆေးထိုးပါ။ ဆေးထိုးခလုတ်ကို ဖိနှိပ်ထားပြီး အပ်ကိုအရေပြားအောက်တွင် အနည်းဆုံး ၁၀ စက္ကန့် ကြာအောင်ထားပြီးနောက်ဂရုတစိုက် ထုတ်ယူပါ။ ၇။ ဆေးထိုးထားသည့်ဧရိယာကို အရက်ပြန်စွတ်ထားသောဂွမ်းလုံးဖြင့်ညင်သာစွာဖိ​ပေးပါ။ ဆေးထိုးထားသည့်ဧရိယာကို လှိမ့်မပွတ်ရ သို့မဟုတ်မချေရပါ။ ဆေးထိုးကိရိယာ၏ အဖုံးကို ပြန်ပိတ်ပါ။               


မှတ်ချက်
*ဆေးထိုးရန် အသင့်တော်ဆုံးနေရာမှာ ဝမ်းဗိုက် (ချက် ပတ်လည် မှ ၁ လက်မ ခန့်
ခွာ၍) ဖြစ်ပြီး ကျန်နေရာများဖြစ်သော ပေါင်များ၊ လက်မောင်းအပေါ်ပိုင်းများနှင့်
တင်ပါး၏ အပြင်ဘက်အပေါ်ပိုင်းနေရာ များ တွင်လည်း ဆေးထိုးနိုင်ပါသည်။
*ဆေးထိုးမည့်နေရာကို မကြာခဏ ပြောင်းပေးသင့်ပါသည်။ ဆေးကို
အရင်ထိုးထားသည့်ဧရိယာမှ ၁ လက်မ ခန့်ခွာ၍ ထိုးပေးပါ။
*ရင်တုန်ခြင်း၊ တုန်လှုပ်ခြင်း၊ ချွေးထွက်ခြင်း၊ မူးမေ့လဲခြင်း အစရှိသော
သွေးတွင်းသကြားဓာတ်နည်းသည့် လက္ခဏာများ ဖြစ်ပေါ်လာပါက သကြားလုံး
သို့မဟုတ် အချိုရည် ကို ချက်ချင်း သုံးဆောင်ပေးရန် လိုအပ်ပါသည်။ ၁၅ မိနစ်မှ
မိနစ် ၃၀ အတွင်း မသက်သာပါက ဆရာဝန် နှင့် ချက်ချင်းပြသပါ။
*ဆေးထိုးကိရိယာများကို အခြားသူများနှင့် မျှဝေ၍ မသုံးသင့်ပါ။
*ဆေးကို အစာမစားမီ ၅ မိနစ်မှ ၁၅ မိနစ် အတွင်း ထိုးပေးပါ။
*ဆေးမထိုးမှီ ဆရာဝန်ညွှန်ကြားထားသော ဆေးရည် ပမာဏကို တဖန်စစ်ဆေးပါ။
ဘေးထွက်ဆိုးကျိုးများဖြစ်စေနိုင်သောကြောင့် ဆေးကို
ဆရာဝန်ညွှန်ကြားထားသောပမာဏထက် ပို၍ သို့မဟုတ် လျှော့၍ မထိုးသင့်ပါ။
*ဆေးထိုးအပ်ထိပ်ဖျားအဖုံးကို ပြန်ပိတ်ပြီး အဖုံးပါရှိသည့်ပုံးထဲသို့
စွန့်ပစ်သင့်ပါသည်။   
*ဆေးရည်များ ကွဲပြားနေပါက ဆေးရည်တောင့်ကို အသုံးမပြုမီ လှိမ့်ခြင်း
သို့မဟုတ် လက်ကောက်ဝတ်ကို အပေါ်အောက် ဖြေးညင်းစွာ ရွှေ့ပေးခြင်းဖြင့်
​တသားတည်းဖြစ်သွားအောင် ပြုလုပ်ပါ။ ဆေးရည် ပျက်စီးတတ်သောကြောင့်
ဆေးပုလင်းကို မလှုပ်ခါသင့်ပါ။   Click to listen highlighted text! မှတ်ချက်*ဆေးထိုးရန် အသင့်တော်ဆုံးနေရာမှာ ဝမ်းဗိုက် (ချက် ပတ်လည် မှ ၁ လက်မ ခန့်ခွာ၍) ဖြစ်ပြီး ကျန်နေရာများဖြစ်သော ပေါင်များ၊ လက်မောင်းအပေါ်ပိုင်းများနှင့်တင်ပါး၏ အပြင်ဘက်အပေါ်ပိုင်းနေရာ များ တွင်လည်း ဆေးထိုးနိုင်ပါသည်။*ဆေးထိုးမည့်နေရာကို မကြာခဏ ပြောင်းပေးသင့်ပါသည်။ ဆေးကိုအရင်ထိုးထားသည့်ဧရိယာမှ ၁ လက်မ ခန့်ခွာ၍ ထိုးပေးပါ။*ရင်တုန်ခြင်း၊ တုန်လှုပ်ခြင်း၊ ချွေးထွက်ခြင်း၊ မူးမေ့လဲခြင်း အစရှိသောသွေးတွင်းသကြားဓာတ်နည်းသည့် လက္ခဏာများ ဖြစ်ပေါ်လာပါက သကြားလုံးသို့မဟုတ် အချိုရည် ကို ချက်ချင်း သုံးဆောင်ပေးရန် လိုအပ်ပါသည်။ ၁၅ မိနစ်မှမိနစ် ၃၀ အတွင်း မသက်သာပါက ဆရာဝန် နှင့် ချက်ချင်းပြသပါ။*ဆေးထိုးကိရိယာများကို အခြားသူများနှင့် မျှဝေ၍ မသုံးသင့်ပါ။*ဆေးကို အစာမစားမီ ၅ မိနစ်မှ ၁၅ မိနစ် အတွင်း ထိုးပေးပါ။*ဆေးမထိုးမှီ ဆရာဝန်ညွှန်ကြားထားသော ဆေးရည် ပမာဏကို တဖန်စစ်ဆေးပါ။ဘေးထွက်ဆိုးကျိုးများဖြစ်စေနိုင်သောကြောင့် ဆေးကိုဆရာဝန်ညွှန်ကြားထားသောပမာဏထက် ပို၍ သို့မဟုတ် လျှော့၍ မထိုးသင့်ပါ။*ဆေးထိုးအပ်ထိပ်ဖျားအဖုံးကို ပြန်ပိတ်ပြီး အဖုံးပါရှိသည့်ပုံးထဲသို့စွန့်ပစ်သင့်ပါသည်။   *ဆေးရည်များ ကွဲပြားနေပါက ဆေးရည်တောင့်ကို အသုံးမပြုမီ လှိမ့်ခြင်းသို့မဟုတ် လက်ကောက်ဝတ်ကို အပေါ်အောက် ဖြေးညင်းစွာ ရွှေ့ပေးခြင်းဖြင့်​တသားတည်းဖြစ်သွားအောင် ပြုလုပ်ပါ။ ဆေးရည် ပျက်စီးတတ်သောကြောင့်ဆေးပုလင်းကို မလှုပ်ခါသင့်ပါ။   


ဘေးထွက်ဆိုးကျိုးများ

ဤဆေးသည် သွေးတွင်းသကြားဓာတ်နည်းခြင်း၊ ဆေးထိုးထားသည့်နေရာ၌
နာကျင်ခြင်း၊ ဆေးထိုးထားသည့်နေရာ၌ ချိုင့်ခွက် သို့မဟုတ် ညိုမဲစွဲခြင်း၊
ဓာတ်မတည့်ခြင်း၊ ယားယံခြင်း တို့ကို ဖြစ်စေနိုင်ပါသည်။
  Click to listen highlighted text! ဘေးထွက်ဆိုးကျိုးများ ဤဆေးသည် သွေးတွင်းသကြားဓာတ်နည်းခြင်း၊ ဆေးထိုးထားသည့်နေရာ၌နာကျင်ခြင်း၊ ဆေးထိုးထားသည့်နေရာ၌ ချိုင့်ခွက် သို့မဟုတ် ညိုမဲစွဲခြင်း၊ဓာတ်မတည့်ခြင်း၊ ယားယံခြင်း တို့ကို ဖြစ်စေနိုင်ပါသည်။   


ဆေးထားသိုရန်အညွှန်း

၁။ အသုံးမပြုရသေးသော ဆေးရည်တောင့်ကို ရေခဲသေတ္တာ ထဲတွင် ၂-၈
ဒီဂရီစင်တီဂရိတ်အတွင်း သိမ်းဆည်းထားရမည်။ ရေခဲသေတ္တာ၏ တံခါး နှင့်
အခဲခန်းထဲတွင် မသိမ်းဆည်းသင့်ပါ။ အေးခဲ မထား သင့်ပါ။

  ၂။ အသုံးမပြုရသေးသော ဆေးရည်တောင့်၏ သက်တမ်းကုန်ဆုံးရက်ကို
​ဆေးတောင့်၏တံဆိပ်တွင် ဖော်ပြထားပါသည်။ အသုံးပြုလက်စ
ဆေးရည်တောင့်ကို အခန်းအပူချိန်တွင် ၁ လ အထိ
သိမ်းဆည်းအသုံးပြုနိုင်ပါသည်။
  Click to listen highlighted text! ဆေးထားသိုရန်အညွှန်း ၁။ အသုံးမပြုရသေးသော ဆေးရည်တောင့်ကို ရေခဲသေတ္တာ ထဲတွင် ၂-၈ဒီဂရီစင်တီဂရိတ်အတွင်း သိမ်းဆည်းထားရမည်။ ရေခဲသေတ္တာ၏ တံခါး နှင့်အခဲခန်းထဲတွင် မသိမ်းဆည်းသင့်ပါ။ အေးခဲ မထား သင့်ပါ။   ၂။ အသုံးမပြုရသေးသော ဆေးရည်တောင့်၏ သက်တမ်းကုန်ဆုံးရက်ကို​ဆေးတောင့်၏တံဆိပ်တွင် ဖော်ပြထားပါသည်။ အသုံးပြုလက်စဆေးရည်တောင့်ကို အခန်းအပူချိန်တွင် ၁ လ အထိသိမ်းဆည်းအသုံးပြုနိုင်ပါသည်။


How to use NovoPen 4 - Quick Guide by Novo Nordisk

 

 

အထက်ပါ ဆေးအညွှန်းဖော်ပြချက်သည် လူနာအတွက်သာလျှင် အသုံးပြုရန် ဖြစ်သည်။ အခြားသိလိုသည်များရှိပါက ဆရာဝန် သို့မဟုတ်
ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။
  Click to listen highlighted text! အထက်ပါ ဆေးအညွှန်းဖော်ပြချက်သည် လူနာအတွက်သာလျှင် အသုံးပြုရန် ဖြစ်သည်။ အခြားသိလိုသည်များရှိပါက ဆရာဝန် သို့မဟုတ်ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။

 


ที่มาของข้อมูล:

1.สุชาดา ชุติมาวรพันธ์, โพยม วงศ์ภูวรักษ์, อภิฤดี เหมะจุฑา, ฐิติมา ด้วงเงิน, กิติยศ ยศสมบัติ, บรรณาธิการ. คู่มือทักษะตามเกณฑ์ความรู้ความสามารถทางวิชาชีพของผู้ประกอบวิชาชีพเภสัชกรรม (สมรรถนะร่วม) พ.ศ. 2562. นนทบุรี: บริษัท เอช อาร์ พริ้นซ์ แอนด์ เทรนนิ่ง จำกัด ; 2562   

2.Micromedex® [Database on internet]. Colorado: Thomson Reuters (Healthcare); c2020. Available from: http://www.micromedexsolutions.com /micromedex2/librarian/.


ขอความกรุณาผู้ใช้บริการตอบแบบสำรวจ และให้คำแนะนำเกี่ยวกับฉลากยาออนไลน์ (กดเพื่อตอบแบบสำรวจ) click here to access satisfaction survey

Click to listen highlighted text!