ဆေးဝါးအချက်အလက်

Ciprofloxacin eye drop   Click to listen highlighted text! Ciprofloxacin eye drop

စီပရိုဖလောက်ဆာစင် မျက်စဉ်းဆေးရည်


ညွှန်ပြချက်များ

စီပရိုဖလောက်ဆာစင်သည် သတ်မှတ်ထားသော
အဏုဇီဝသက်ရှိမျိုးကွဲများကြောင့် ဖြစ်ပေါ်နိုင်သော ကူးစက်ရောဂါများကို
ကုသရန်အတွက် ညွှန်ပြထားသည်။
  Click to listen highlighted text! ညွှန်ပြချက်များ စီပရိုဖလောက်ဆာစင်သည် သတ်မှတ်ထားသောအဏုဇီဝသက်ရှိမျိုးကွဲများကြောင့် ဖြစ်ပေါ်နိုင်သော ကူးစက်ရောဂါများကိုကုသရန်အတွက် ညွှန်ပြထားသည်။


တားမြစ်ချက်များနှင့် အထူးကြိုတင်သတိပေးချက်များ

ဤဆေးတွင်ပါ၀င်သောပါ၀င်ပစ္စည်းတစ်ခုခုနှင့် သို့မဟုတ် အခြား
ပါ၀င်ပစ္စည်း ကွီနိုလုံး နှင့် ဓါတ်မတည့်ပါက အသုံးမပြုပါနှင့်။

ဆေးမှရရှိသော အကျိုးကျေးဇူးသည် ဘေးထွက်ဆိုးကျိုးထက်
သာလွန်မှသာ ကိုယ်၀န်ဆောင်စဥ်အသုံးပြုသင့်ပါသည်။​

နို့တိုက်မိခင်အား စီပရိုဖလောက်ဆာစင် ပေးသောအခါ
သတိထားသင့်ပါသည်။
  Click to listen highlighted text! တားမြစ်ချက်များနှင့် အထူးကြိုတင်သတိပေးချက်များ ဤဆေးတွင်ပါ၀င်သောပါ၀င်ပစ္စည်းတစ်ခုခုနှင့် သို့မဟုတ် အခြားပါ၀င်ပစ္စည်း ကွီနိုလုံး နှင့် ဓါတ်မတည့်ပါက အသုံးမပြုပါနှင့်။ ဆေးမှရရှိသော အကျိုးကျေးဇူးသည် ဘေးထွက်ဆိုးကျိုးထက်သာလွန်မှသာ ကိုယ်၀န်ဆောင်စဥ်အသုံးပြုသင့်ပါသည်။​ နို့တိုက်မိခင်အား စီပရိုဖလောက်ဆာစင် ပေးသောအခါသတိထားသင့်ပါသည်။


မျက်စဉ်းဆေးရည် အသုံးပြုနည်း

(၁) ပထမဦးစွာ အသုံးမပြုခင် လက်ကို
ဆပ်ပြာနဲ့စင်ကြယ်စွာဆေးကြောပါ။

(၂) ဘူးအဖုံးဖွင့်ပြီးလျှင် ဘူးအဖုံးကို သန့်ရှင်းသော နေရာတွင်
ထားပါ။

(၃) ဦးခေါင်းကို မော့ထား၍ အောက်မျက်ခမ်းကို လက်ညှိုးဖြင့်
ညင်သာစွာ ဆွဲချပါ။

(၄) ဆေးစက်ပမာဏအတိအကျအား သင့်မျက်လုံးထဲသို့ ထည့်ရန်
ဘူးအားညင်သာစွာ ညှစ်ပါ။

ပုလင်းထိပ်ဖျားကို သင့်လက်ချောင်းများ သို့မဟုတ် သင့်မျက်လုံး၏
အစိတ်အပိုင်းတစ်ခုခုနှင့် မထိပါစေနှင့်

(၅) ဆေးထည့်ပြီးလျှင် မျက်လုံးကို အနည်းဆုံး စက္ကန့် (၃၀)
ကြာမှိတ်ထားပါ။

(၆) အဖုံးကို ပုလင်းတွင် ပြန်ပိတ်ပါ။

မျက်စဥ်းဆေးတစ်မျိုးထက်ပိုသုံးပါက ဒုတိယတစ်မျိုးကို အသုံးမပြုမီ
၅ မိနစ်မှ ၁၀ မိနစ်အထိ စောင့်ပါ။
မျက်စဥ်းဆေး နှင့် မျက်စိလိမ်းဆေး ကိုအသုံးပြုရန် လိုအပ်ပါက
မျက်စဥ်းဆေး ကို ဦးစွာအသုံးပြုပြီးနောက် မျက်စိလိမ်းဆေး မသုံးမီ
(၁၀) မိနစ်ခန့်စောင့်ပါ။

  Click to listen highlighted text! မျက်စဉ်းဆေးရည် အသုံးပြုနည်း (၁) ပထမဦးစွာ အသုံးမပြုခင် လက်ကိုဆပ်ပြာနဲ့စင်ကြယ်စွာဆေးကြောပါ။ (၂) ဘူးအဖုံးဖွင့်ပြီးလျှင် ဘူးအဖုံးကို သန့်ရှင်းသော နေရာတွင်ထားပါ။ (၃) ဦးခေါင်းကို မော့ထား၍ အောက်မျက်ခမ်းကို လက်ညှိုးဖြင့်ညင်သာစွာ ဆွဲချပါ။ (၄) ဆေးစက်ပမာဏအတိအကျအား သင့်မျက်လုံးထဲသို့ ထည့်ရန်ဘူးအားညင်သာစွာ ညှစ်ပါ။ ပုလင်းထိပ်ဖျားကို သင့်လက်ချောင်းများ သို့မဟုတ် သင့်မျက်လုံး၏အစိတ်အပိုင်းတစ်ခုခုနှင့် မထိပါစေနှင့် (၅) ဆေးထည့်ပြီးလျှင် မျက်လုံးကို အနည်းဆုံး စက္ကန့် (၃၀)ကြာမှိတ်ထားပါ။ (၆) အဖုံးကို ပုလင်းတွင် ပြန်ပိတ်ပါ။ မျက်စဥ်းဆေးတစ်မျိုးထက်ပိုသုံးပါက ဒုတိယတစ်မျိုးကို အသုံးမပြုမီ၅ မိနစ်မှ ၁၀ မိနစ်အထိ စောင့်ပါ။မျက်စဥ်းဆေး နှင့် မျက်စိလိမ်းဆေး ကိုအသုံးပြုရန် လိုအပ်ပါကမျက်စဥ်းဆေး ကို ဦးစွာအသုံးပြုပြီးနောက် မျက်စိလိမ်းဆေး မသုံးမီ(၁၀) မိနစ်ခန့်စောင့်ပါ။


ဘေးထွက်ဆိုးကျိုးများ

ကိုယ်ခံအားစနစ် ချို့ယွင်းခြင်း: ဓာတ်မတည့်မှု။
မျက်စိရောဂါ: ပူစပ်စပ်ဖြစ်ခြင်း၊ မသက်မသာဖြစ်ခြင်း၊
မျက်ခွံအနားသတ်များအနာဖေးတက်ခြင်း၊ မျက်ခွံဖောင်းခြင်း
မျက်လုံးယားယံခြင်း၊ မျက်မြှေးရောင်ရမ်းခြင်း၊
မျက်ကြည်လွှာစွန်းထင်းခြင်း၊ မျက်ကြည်လွှာစိမ့်ဝင်ခြင်း၊
မျက်ကြည်လွှာရောင်ခြင်း၊ စုတ်ပြဲခြင်း၊
အလင်းရောင်စူးစူးဒဏ်မခံနိုင်ခြင်း နှင့် အမြင်အာရုံလျော့နည်းခြင်း။

အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာရောဂါ:
အစားစားချင်စိတ်မရှိခြင်း နှင့် ပျို့အန်ခြင်း
  Click to listen highlighted text! ဘေးထွက်ဆိုးကျိုးများ ကိုယ်ခံအားစနစ် ချို့ယွင်းခြင်း: ဓာတ်မတည့်မှု။မျက်စိရောဂါ: ပူစပ်စပ်ဖြစ်ခြင်း၊ မသက်မသာဖြစ်ခြင်း၊မျက်ခွံအနားသတ်များအနာဖေးတက်ခြင်း၊ မျက်ခွံဖောင်းခြင်းမျက်လုံးယားယံခြင်း၊ မျက်မြှေးရောင်ရမ်းခြင်း၊မျက်ကြည်လွှာစွန်းထင်းခြင်း၊ မျက်ကြည်လွှာစိမ့်ဝင်ခြင်း၊မျက်ကြည်လွှာရောင်ခြင်း၊ စုတ်ပြဲခြင်း၊အလင်းရောင်စူးစူးဒဏ်မခံနိုင်ခြင်း နှင့် အမြင်အာရုံလျော့နည်းခြင်း။ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာရောဂါ:အစားစားချင်စိတ်မရှိခြင်း နှင့် ပျို့အန်ခြင်း


ဆေးဝါးထိန်းသိမ်းသိုလှောင်မှု

(၁) အေးမြ၍ ခြောက်သွေ့သော အလင်းမရှိသောနေရာ (၃၀
ဒီဂရီစင်တီဂရိတ်အောက်) တွင် သို့မဟုတ် ရေခဲသေတ္တာထဲတွင်
မျက်စဥ်းဆေးကို သိမ်းဆည်းပါ။

(၂) သက်တမ်းကုန်ဆုံးရက်ထက် ကျော်လွန်သော မျက်စဥ်းဆေးကို
မသိမ်းဆည်းထားပါနှင့်။

(၃) မျက်စဥ်းဆေးသည် ဖွင့်ပြီးနောက် တစ်လတွင်
သက်တမ်းကုန်ဆုံမည်ဖြစ်ပါသည်။
  Click to listen highlighted text! ဆေးဝါးထိန်းသိမ်းသိုလှောင်မှု (၁) အေးမြ၍ ခြောက်သွေ့သော အလင်းမရှိသောနေရာ (၃၀ဒီဂရီစင်တီဂရိတ်အောက်) တွင် သို့မဟုတ် ရေခဲသေတ္တာထဲတွင်မျက်စဥ်းဆေးကို သိမ်းဆည်းပါ။ (၂) သက်တမ်းကုန်ဆုံးရက်ထက် ကျော်လွန်သော မျက်စဥ်းဆေးကိုမသိမ်းဆည်းထားပါနှင့်။ (၃) မျက်စဥ်းဆေးသည် ဖွင့်ပြီးနောက် တစ်လတွင်သက်တမ်းကုန်ဆုံမည်ဖြစ်ပါသည်။


                 


အထက်ပါ ဆေးအညွှန်းဖော်ပြချက်သည် လူနာအတွက်သာလျှင် အသုံးပြုရန် ဖြစ်သည်။ အခြားသိလိုသည်များရှိပါက ဆရာဝန် သို့မဟုတ်
ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။
  Click to listen highlighted text! အထက်ပါ ဆေးအညွှန်းဖော်ပြချက်သည် လူနာအတွက်သာလျှင် အသုံးပြုရန် ဖြစ်သည်။ အခြားသိလိုသည်များရှိပါက ဆရာဝန် သို့မဟုတ်ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။


ที่มาของข้อมูล:

1.สุชาดา ชุติมาวรพันธ์, โพยม วงศ์ภูวรักษ์, อภิฤดี เหมะจุฑา, ฐิติมา ด้วงเงิน, กิติยศ ยศสมบัติ, บรรณาธิการ. คู่มือทักษะตามเกณฑ์ความรู้ความสามารถทางวิชาชีพของผู้ประกอบวิชาชีพเภสัชกรรม (สมรรถนะร่วม) พ.ศ. 2562. นนทบุรี: บริษัท เอช อาร์ พริ้นซ์ แอนด์ เทรนนิ่ง จำกัด ; 2562   

2.Micromedex® [Database on internet]. Colorado: Thomson Reuters (Healthcare); c2020. Available from: http://www.micromedexsolutions.com /micromedex2/librarian/.


ขอความกรุณาผู้ใช้บริการตอบแบบสำรวจ และให้คำแนะนำเกี่ยวกับฉลากยาออนไลน์ (กดเพื่อตอบแบบสำรวจ) click here to access satisfaction survey

Click to listen highlighted text!