ဆေးအညွှန်း

      Clotrimazole Ear Drops (CANDID)   Click to listen highlighted text! Clotrimazole Ear Drops (CANDID)

နားအစက်ချဆေးရည်


  ဆေးညွှန်း

နားအပြင်ပိုင်း မှိုပိုးကူးစက်မှုများကို ကုသရန်   Click to listen highlighted text! ဆေးညွှန်း နားအပြင်ပိုင်း မှိုပိုးကူးစက်မှုများကို ကုသရန်


  အသုံးပြုရန်မသင့်တော်သော အခြေအနေ

အသုံးပြုရန်မသင့်တော်သော အခြေအနေနှင့် ကြိုတင်ကာကွယ်ခြင်း

ဤဆေး၏ ပါ၀င်ပစ္စည်းများနှင့် ဓါတ်မတည့်လျှင် သို့မဟုတ်
နားစည်ပေါက်နေလျှင် သတိဖြင့် သုံးစွဲပါ။
  Click to listen highlighted text! အသုံးပြုရန်မသင့်တော်သော အခြေအနေ အသုံးပြုရန်မသင့်တော်သော အခြေအနေနှင့် ကြိုတင်ကာကွယ်ခြင်း ဤဆေး၏ ပါ၀င်ပစ္စည်းများနှင့် ဓါတ်မတည့်လျှင် သို့မဟုတ်နားစည်ပေါက်နေလျှင် သတိဖြင့် သုံးစွဲပါ။


နားအစက်ချဆေးရည် သုံးစွဲရန်အညွှန်း

၁။ လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးကြောပါ။

၂။ ၀ေဒနာခံစားနေရသော နားကို အပေါ်သို့ စောင်းထားပါ သို့မဟုတ်
ဘေးတစောင်းလှဲလျောင်းပါ။ အကယ်၍ မိမိကိုယ်တိုင်
အစက်ချမည်ဆိုပါက ထိုင်ခြင်း သို့မဟုတ် မတ်တပ်ရပ်ပြီး ခေါင်းကို
ဘေးသို့စောင်းထားခြင်းက အလွယ်ကူဆုံး ဖြစ်နိုင်သည်။

၃။ နားလမ်းကြောင်းဖွင့်ရန် နားကို အနောက်သို့ အပေါ်သို့ ဆွဲတင်ပါ။

အသက် ၃ နှစ်အောက် ကလေးအား ပေးလျှင် နားရွက်ကို အနောက်သို့
အောက်သို့ ဆွဲချပါ။

၄။ နားထဲသို့ မှန်ကန်သော ဆေးရည်အစက်အရေအတွက်ကို ထည့်ပါ။

ဆေးရည်များ နားတွင်းထဲသို့ စိမ့်ဝင်အောင် ကူညီရန် နားရွက်ပေါ်ရှိ
အရေပြားကို ညင်သာစွာ ဖိနှိပ်ပါ။

ဆေးပုလင်း၏ အစက်ချသောထိပ်ဖျားကို သင့်၏ နား၊
လက်ချောင်းများ သို့မဟုတ် အခြားမျက်နှာပြင်များနှင့် မထိပါစေနှင့်။

၅။ နားကို ၃ မိနစ်မှ ၅ မိနစ်အထိ စောင်းထားပါ သို့မဟုတ် နားထဲသို့
ပျော့ပျောင်းသော ဂွမ်းစတစ်ခု ထည့်ပါ။ သင့်ဆရာဝန် သို့မဟုတ်
ဆေးဝါးပညာရှင်မှ အကြံပြုသည့် မည်သည့်နည်းလမ်းကိုမဆို
လိုက်နာနိုင်ပါသည်။

ထပ်ဆောင်း သတင်းအချက်အလက်များ

အကယ်၍ နားအစက်ချဆေးရည်များကို ရေခဲသေတ္တာထဲတွင်
သိမ်းဆည်းထားရမည်ဆိုလျှင် ဆေးပုလင်းကို အသုံးမပြုမီ
တစ်မိနစ်မှ နှစ်မိနစ်ခန့် လက်ထဲတွင် ကိုင်ထားခြင်းဖြင့်
အအေးလျော့အောင် ပြုလုပ်သင့်ပါသည်။

၎င်းသည် အအေးဒဏ်ကြောင့်ဖြစ်ပေါ်နိုင်သည့် သင့်နားအတွင်း
မသက်မသာဖြစ်မှုများကို လျှော့ချပေးနိုင်ပါသည်။

နားသန့်စင်ဆေးရည် အသုံးပြုထားပါက နားရွက်ကို ၁၅ မိနစ်ခန့်
စောင်းပြီး ကုန်စင်အောင် ဖယ်ရှားပါ။   Click to listen highlighted text! နားအစက်ချဆေးရည် သုံးစွဲရန်အညွှန်း ၁။ လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးကြောပါ။ ၂။ ၀ေဒနာခံစားနေရသော နားကို အပေါ်သို့ စောင်းထားပါ သို့မဟုတ်ဘေးတစောင်းလှဲလျောင်းပါ။ အကယ်၍ မိမိကိုယ်တိုင်အစက်ချမည်ဆိုပါက ထိုင်ခြင်း သို့မဟုတ် မတ်တပ်ရပ်ပြီး ခေါင်းကိုဘေးသို့စောင်းထားခြင်းက အလွယ်ကူဆုံး ဖြစ်နိုင်သည်။ ၃။ နားလမ်းကြောင်းဖွင့်ရန် နားကို အနောက်သို့ အပေါ်သို့ ဆွဲတင်ပါ။ အသက် ၃ နှစ်အောက် ကလေးအား ပေးလျှင် နားရွက်ကို အနောက်သို့အောက်သို့ ဆွဲချပါ။ ၄။ နားထဲသို့ မှန်ကန်သော ဆေးရည်အစက်အရေအတွက်ကို ထည့်ပါ။ ဆေးရည်များ နားတွင်းထဲသို့ စိမ့်ဝင်အောင် ကူညီရန် နားရွက်ပေါ်ရှိအရေပြားကို ညင်သာစွာ ဖိနှိပ်ပါ။ ဆေးပုလင်း၏ အစက်ချသောထိပ်ဖျားကို သင့်၏ နား၊လက်ချောင်းများ သို့မဟုတ် အခြားမျက်နှာပြင်များနှင့် မထိပါစေနှင့်။ ၅။ နားကို ၃ မိနစ်မှ ၅ မိနစ်အထိ စောင်းထားပါ သို့မဟုတ် နားထဲသို့ပျော့ပျောင်းသော ဂွမ်းစတစ်ခု ထည့်ပါ။ သင့်ဆရာဝန် သို့မဟုတ်ဆေးဝါးပညာရှင်မှ အကြံပြုသည့် မည်သည့်နည်းလမ်းကိုမဆိုလိုက်နာနိုင်ပါသည်။ ထပ်ဆောင်း သတင်းအချက်အလက်များ အကယ်၍ နားအစက်ချဆေးရည်များကို ရေခဲသေတ္တာထဲတွင်သိမ်းဆည်းထားရမည်ဆိုလျှင် ဆေးပုလင်းကို အသုံးမပြုမီတစ်မိနစ်မှ နှစ်မိနစ်ခန့် လက်ထဲတွင် ကိုင်ထားခြင်းဖြင့်အအေးလျော့အောင် ပြုလုပ်သင့်ပါသည်။ ၎င်းသည် အအေးဒဏ်ကြောင့်ဖြစ်ပေါ်နိုင်သည့် သင့်နားအတွင်းမသက်မသာဖြစ်မှုများကို လျှော့ချပေးနိုင်ပါသည်။ နားသန့်စင်ဆေးရည် အသုံးပြုထားပါက နားရွက်ကို ၁၅ မိနစ်ခန့်စောင်းပြီး ကုန်စင်အောင် ဖယ်ရှားပါ။   


   ဘေးထွက်ဆိုးကျိုးများ

ဤဆေးသည် ယားယံခြင်း၊ ပူလောင်ခြင်းကို ဖြစ်စေနိုင်ပါသည်။   Click to listen highlighted text! ဘေးထွက်ဆိုးကျိုးများ ဤဆေးသည် ယားယံခြင်း၊ ပူလောင်ခြင်းကို ဖြစ်စေနိုင်ပါသည်။


ဆေးအား သိမ်းဆည်းနည်း

အပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်ထက် မပိုသော၊ အလင်းရောင်မရှိသော
နေရာတွင် သိမ်းဆည်းပါ။

မဖွင့်ရသေးသော နားအစက်ချဆေးရည်များ၏
သက်တမ်းကုန်ဆုံးရက်ကို တံဆိပ်ပေါ်တွင် ဖော်ပြထားသည်။

ဖွင့်ပြီးသည်နှင့် နားအစက်ချဆေးရည်ကို အခန်းအပူချိန်တွင်ထားပါ။
၁လထက်ပို၍ အသုံးမပြုသင့်ပါ။
  Click to listen highlighted text! ဆေးအား သိမ်းဆည်းနည်း အပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်ထက် မပိုသော၊ အလင်းရောင်မရှိသောနေရာတွင် သိမ်းဆည်းပါ။ မဖွင့်ရသေးသော နားအစက်ချဆေးရည်များ၏သက်တမ်းကုန်ဆုံးရက်ကို တံဆိပ်ပေါ်တွင် ဖော်ပြထားသည်။ ဖွင့်ပြီးသည်နှင့် နားအစက်ချဆေးရည်ကို အခန်းအပူချိန်တွင်ထားပါ။၁လထက်ပို၍ အသုံးမပြုသင့်ပါ။


နားအစက်ချဆေးရည် သုံးစွဲရန်အညွှန်း

   

အထက်ပါ ဆေးအညွှန်းဖော်ပြချက်သည် လူနာအတွက်သာလျှင် အသုံးပြုရန် ဖြစ်သည်။ အခြားသိလိုသည်များရှိပါက ဆရာဝန် သို့မဟုတ်
ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။
  Click to listen highlighted text! အထက်ပါ ဆေးအညွှန်းဖော်ပြချက်သည် လူနာအတွက်သာလျှင် အသုံးပြုရန် ဖြစ်သည်။ အခြားသိလိုသည်များရှိပါက ဆရာဝန် သို့မဟုတ်ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။


ขอความกรุณาผู้ใช้บริการตอบแบบสำรวจ และให้คำแนะนำเกี่ยวกับฉลากยาออนไลน์ (กดเพื่อตอบแบบสำรวจ) click here to access satisfaction survey

Click to listen highlighted text!