ဆေးအညွှန်း

Chloramphenicol Ear Drops (ANTIBI-OTIC)

ကလိုရမ်ဖင်နီကော နားအစက်ချဆေးရည် (ပဋိဇီ၀ဆေး)


ဆေးညွှန်း

ဤဆေးကို အဏုဇီဝပိုးမွှားများကြောင့်ဖြစ်သည့် နားအပြင်ပိုင်းရှိ
ဘက်တီးရီးယားပိုးမွှားကူးစက်မှုများကို ကုသရန်အတွက်
အသုံးပြုသည်။.
  Click to listen highlighted text! ဆေးညွှန်း ဤဆေးကို အဏုဇီဝပိုးမွှားများကြောင့်ဖြစ်သည့် နားအပြင်ပိုင်းရှိဘက်တီးရီးယားပိုးမွှားကူးစက်မှုများကို ကုသရန်အတွက်အသုံးပြုသည်။.


အသုံးပြုရန်မသင့်တော်သော အခြေအနေ

၁။ ကလိုရမ်ဖင်နီကော သို့မဟုတ် အခြားပါ၀င်ပစ္စည်းများနှင့်
ဓါတ်မတည့်ခြင်း

၂။ နားစည်ပေါက်နေလျှင်

၃။ ယခင် ကလိုရမ်ဖင်နီကော သုံးစွဲစဉ်က
ရိုးတွင်းချဉ်ဆီနှင့်ပတ်သက်သော မူမမှန်မှု ဖြစ်ပေါ်ခြင်း

၄။ မိမိကိုယ်တိုင် သို့မဟုတ် မိသားစုတွင်
သွေးနှင့်ပတ်သက်သောရောဂါ ရှိလျှင်
  Click to listen highlighted text! အသုံးပြုရန်မသင့်တော်သော အခြေအနေ ၁။ ကလိုရမ်ဖင်နီကော သို့မဟုတ် အခြားပါ၀င်ပစ္စည်းများနှင့်ဓါတ်မတည့်ခြင်း ၂။ နားစည်ပေါက်နေလျှင် ၃။ ယခင် ကလိုရမ်ဖင်နီကော သုံးစွဲစဉ်ကရိုးတွင်းချဉ်ဆီနှင့်ပတ်သက်သော မူမမှန်မှု ဖြစ်ပေါ်ခြင်း ၄။ မိမိကိုယ်တိုင် သို့မဟုတ် မိသားစုတွင်သွေးနှင့်ပတ်သက်သောရောဂါ ရှိလျှင်


 

အထူးသတိပေးချက်များနှင့် ကြိုတင်ကာကွယ်မှုများ

ကလိုရမ်ဖီနီကောအား မခံနိုင်ခြင်း၊ ဆေးယဉ်ပါးပိုးမွှားများ
ဖြစ်ပေါ်လာနိုင်ခြင်းတို့ကြောင့် ဆေးအား ၁ပတ်ထက်ပို၍
အသုံးမပြုပါနှင့်။

ဆေးကြောင့် အခြားသောကူးစက်ပိုးမွှားများဝင်ရောက်လာပါက
ဆေးကိုရပ်နား၍ သင့်တော်သောစစ်ဆေးမှုကိုပြုလုပ်သင့်ပါသည်။

ကို ကိုယ်ဝန်ဆောင်ချိန်နှင့် နို့တိုက်ချိန်အတွင်း
အသုံးပြုရန် အကြံပြုထားခြင်းမရှိပါ။
  Click to listen highlighted text! အထူးသတိပေးချက်များနှင့် ကြိုတင်ကာကွယ်မှုများ ကလိုရမ်ဖီနီကောအား မခံနိုင်ခြင်း၊ ဆေးယဉ်ပါးပိုးမွှားများဖြစ်ပေါ်လာနိုင်ခြင်းတို့ကြောင့် ဆေးအား ၁ပတ်ထက်ပို၍အသုံးမပြုပါနှင့်။ ဆေးကြောင့် အခြားသောကူးစက်ပိုးမွှားများဝင်ရောက်လာပါကဆေးကိုရပ်နား၍ သင့်တော်သောစစ်ဆေးမှုကိုပြုလုပ်သင့်ပါသည်။ ကို ကိုယ်ဝန်ဆောင်ချိန်နှင့် နို့တိုက်ချိန်အတွင်းအသုံးပြုရန် အကြံပြုထားခြင်းမရှိပါ။


နားအစက်ချဆေးရည် သုံးစွဲရန်အညွှန်း

၁။ လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးကြောပါ။

၂။ ၀ေဒနာခံစားနေရသော နားကို အပေါ်သို့ စောင်းထားပါ သို့မဟုတ်
ဘေးတစောင်းလှဲလျောင်းပါ။ အကယ်၍ မိမိကိုယ်တိုင်
အစက်ချမည်ဆိုပါက ထိုင်ခြင်း သို့မဟုတ် မတ်တပ်ရပ်ပြီး ခေါင်းကို
ဘေးသို့စောင်းထားခြင်းက အလွယ်ကူဆုံး ဖြစ်နိုင်သည်။

၃။ နားလမ်းကြောင်းဖွင့်ရန် နားကို အနောက်သို့ အပေါ်သို့ ဆွဲတင်ပါ။

အသက် ၃ နှစ်အောက် ကလေးအား ပေးလျှင် နားရွက်ကို အနောက်သို့
အောက်သို့ ဆွဲချပါ။

၄။ နားထဲသို့ မှန်ကန်သော ဆေးရည်အစက်အရေအတွက်ကို ထည့်ပါ။

ဆေးရည်များ နားတွင်းထဲသို့ စိမ့်ဝင်အောင် ကူညီရန် နားရွက်ပေါ်ရှိ
အရေပြားကို ညင်သာစွာ ဖိနှိပ်ပါ။

ဆေးပုလင်း၏ အစက်ချသောထိပ်ဖျားကို သင့်၏ နား၊
လက်ချောင်းများ သို့မဟုတ် အခြားမျက်နှာပြင်များနှင့် မထိပါစေနှင့်။

၅။ နားကို ၃ မိနစ်မှ ၅ မိနစ်အထိ စောင်းထားပါ သို့မဟုတ် နားထဲသို့
ပျော့ပျောင်းသော ဂွမ်းစတစ်ခု ထည့်ပါ။ သင့်ဆရာဝန် သို့မဟုတ်
ဆေးဝါးပညာရှင်မှ အကြံပြုသည့် မည်သည့်နည်းလမ်းကိုမဆို
လိုက်နာနိုင်ပါသည်။

ထပ်ဆောင်း သတင်းအချက်အလက်များ

အကယ်၍ နားအစက်ချဆေးရည်များကို ရေခဲသေတ္တာထဲတွင်
သိမ်းဆည်းထားရမည်ဆိုလျှင် ဆေးပုလင်းကို အသုံးမပြုမီ
တစ်မိနစ်မှ နှစ်မိနစ်ခန့် လက်ထဲတွင် ကိုင်ထားခြင်းဖြင့်
အအေးလျော့အောင် ပြုလုပ်သင့်ပါသည်။

၎င်းသည် အအေးဒဏ်ကြောင့်ဖြစ်ပေါ်နိုင်သည့် သင့်နားအတွင်း
မသက်မသာဖြစ်မှုများကို လျှော့ချပေးနိုင်ပါသည်။

နားသန့်စင်ဆေးရည် အသုံးပြုထားပါက နားရွက်ကို ၁၅ မိနစ်ခန့်
စောင်းပြီး ကုန်စင်အောင် ဖယ်ရှားပါ။   Click to listen highlighted text! နားအစက်ချဆေးရည် သုံးစွဲရန်အညွှန်း ၁။ လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးကြောပါ။ ၂။ ၀ေဒနာခံစားနေရသော နားကို အပေါ်သို့ စောင်းထားပါ သို့မဟုတ်ဘေးတစောင်းလှဲလျောင်းပါ။ အကယ်၍ မိမိကိုယ်တိုင်အစက်ချမည်ဆိုပါက ထိုင်ခြင်း သို့မဟုတ် မတ်တပ်ရပ်ပြီး ခေါင်းကိုဘေးသို့စောင်းထားခြင်းက အလွယ်ကူဆုံး ဖြစ်နိုင်သည်။ ၃။ နားလမ်းကြောင်းဖွင့်ရန် နားကို အနောက်သို့ အပေါ်သို့ ဆွဲတင်ပါ။ အသက် ၃ နှစ်အောက် ကလေးအား ပေးလျှင် နားရွက်ကို အနောက်သို့အောက်သို့ ဆွဲချပါ။ ၄။ နားထဲသို့ မှန်ကန်သော ဆေးရည်အစက်အရေအတွက်ကို ထည့်ပါ။ ဆေးရည်များ နားတွင်းထဲသို့ စိမ့်ဝင်အောင် ကူညီရန် နားရွက်ပေါ်ရှိအရေပြားကို ညင်သာစွာ ဖိနှိပ်ပါ။ ဆေးပုလင်း၏ အစက်ချသောထိပ်ဖျားကို သင့်၏ နား၊လက်ချောင်းများ သို့မဟုတ် အခြားမျက်နှာပြင်များနှင့် မထိပါစေနှင့်။ ၅။ နားကို ၃ မိနစ်မှ ၅ မိနစ်အထိ စောင်းထားပါ သို့မဟုတ် နားထဲသို့ပျော့ပျောင်းသော ဂွမ်းစတစ်ခု ထည့်ပါ။ သင့်ဆရာဝန် သို့မဟုတ်ဆေးဝါးပညာရှင်မှ အကြံပြုသည့် မည်သည့်နည်းလမ်းကိုမဆိုလိုက်နာနိုင်ပါသည်။ ထပ်ဆောင်း သတင်းအချက်အလက်များ အကယ်၍ နားအစက်ချဆေးရည်များကို ရေခဲသေတ္တာထဲတွင်သိမ်းဆည်းထားရမည်ဆိုလျှင် ဆေးပုလင်းကို အသုံးမပြုမီတစ်မိနစ်မှ နှစ်မိနစ်ခန့် လက်ထဲတွင် ကိုင်ထားခြင်းဖြင့်အအေးလျော့အောင် ပြုလုပ်သင့်ပါသည်။ ၎င်းသည် အအေးဒဏ်ကြောင့်ဖြစ်ပေါ်နိုင်သည့် သင့်နားအတွင်းမသက်မသာဖြစ်မှုများကို လျှော့ချပေးနိုင်ပါသည်။ နားသန့်စင်ဆေးရည် အသုံးပြုထားပါက နားရွက်ကို ၁၅ မိနစ်ခန့်စောင်းပြီး ကုန်စင်အောင် ဖယ်ရှားပါ။   


  ဘေးထွက်ဆိုးကျိုးများ

ဤဆေးသည် နားအူခြင်းကို ယာယီ ဖြစ်စေနိုင်ပါသည်။.   Click to listen highlighted text! ဘေးထွက်ဆိုးကျိုးများ ဤဆေးသည် နားအူခြင်းကို ယာယီ ဖြစ်စေနိုင်ပါသည်။.    


ဆေးအား သိမ်းဆည်းနည်း

မဖွင့်ရသေးသော နားအစက်ချဆေးရည်များ၏
သက်တမ်းကုန်ဆုံးရက်ကို တံဆိပ်ပေါ်တွင် ဖော်ပြထားသည်။

ဖွင့်ပြီးသည်နှင့် နားအစက်ချဆေးရည်ကို အခန်းအပူချိန်တွင်ထားပါ။

၁လထက်ပို၍ အသုံးမပြုသင့်ပါ။   Click to listen highlighted text! ဆေးအား သိမ်းဆည်းနည်း မဖွင့်ရသေးသော နားအစက်ချဆေးရည်များ၏သက်တမ်းကုန်ဆုံးရက်ကို တံဆိပ်ပေါ်တွင် ဖော်ပြထားသည်။ ဖွင့်ပြီးသည်နှင့် နားအစက်ချဆေးရည်ကို အခန်းအပူချိန်တွင်ထားပါ။ ၁လထက်ပို၍ အသုံးမပြုသင့်ပါ။  


နားအစက်ချဆေးရည် သုံးစွဲရန်အညွှန်း

           


အထက်ပါ ဆေးအညွှန်းဖော်ပြချက်သည် လူနာအတွက်သာလျှင် အသုံးပြုရန် ဖြစ်သည်။ အခြားသိလိုသည်များရှိပါက ဆရာဝန် သို့မဟုတ်
ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။
  Click to listen highlighted text! အထက်ပါ ဆေးအညွှန်းဖော်ပြချက်သည် လူနာအတွက်သာလျှင် အသုံးပြုရန် ဖြစ်သည်။ အခြားသိလိုသည်များရှိပါက ဆရာဝန် သို့မဟုတ်ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။


 ที่มาของข้อมูล:

1.สุชาดา ชุติมาวรพันธ์, โพยม วงศ์ภูวรักษ์, อภิฤดี เหมะจุฑา, ฐิติมา ด้วงเงิน, กิติยศ ยศสมบัติ, บรรณาธิการ. คู่มือทักษะตามเกณฑ์ความรู้ความสามารถทางวิชาชีพของผู้ประกอบวิชาชีพเภสัชกรรม (สมรรถนะร่วม) พ.ศ. 2562. นนทบุรี: บริษัท เอช อาร์ พริ้นซ์ แอนด์ เทรนนิ่ง จำกัด ; 2562   

2.Micromedex® [Database on internet]. Colorado: Thomson Reuters (Healthcare); c2020. Available from: http://www.micromedexsolutions.com /micromedex2/librarian/.


ขอความกรุณาผู้ใช้บริการตอบแบบสำรวจ และให้คำแนะนำเกี่ยวกับฉลากยาออนไลน์ (กดเพื่อตอบแบบสำรวจ) click here to access satisfaction survey

Click to listen highlighted text!